Open 9:00-12:00 AM
+95 92051590

Tag Archive : 5% benzoyl peroxide

Trichomycosis Axillaris ဂျိုင်းမွေးပိုးဝင်ခြင်း  ပုံမှန်အားဖြင့် Tricho ဆိုတာ ဆံချည်မျှင် (သို့) အမွေးမျှင်ကို ပြောတာဖြစ်ပြီး Axillaris ဆိုတဲ့ဝေါဟာရဟာ ဂျိုင်းမှာဖြစ်တဲ့ရောဂါတွေမှာ အဓိကသုံးတယ်။ mycosis က မှိုရောဂါလို့ အဓိပ္ပါယ်ရပေမယ့် လက်တွေ့မှာ မှိုမဟုတ်ဘဲ Corynebacterium ခေါ်တဲ့ဗက်တီးရီးယားပိုးတွေ ရုတ်တရက်ပွားများလာလို့ ဖြစ်ပေါ်လာတယ်။Trichomycosis Axillaris ဖြစ်တဲ့အခါ ဘက်တီးရီးယားပိုးမွှားတွေကြောင့် ဂျိုင်းမွေးတွေဟာ အရောင်ပြောင်းသွားတယ်။ ကော်ရီနီဘက်တီးရီးယားပိုးဟာ အစိုဓာတ်ကို ကြိုက်တယ်။ ကော်ဆန်ဆန် စီးကပ်စေတဲ့ ဓာတ်တစ်မျိုးကို ထုတ်ပေးပြီး အမွေးမျှင်ပေါ်မှာ စေးကပ်တဲ့ အလွှာတစ်ခုနဲ့စွဲကပ်နေတတ်တယ်။ ကြာလာတဲ့အခါ အရောင်ပြောင်းပြီး လက္ခဏာတွေ ပေါ်လာစေပါတယ်။ဂျိုင်းမွေးမှာ အဝါရောင်အလွှာတစ်ထပ် ကပ်နေတတ်တယ်။ မြင်လွယ်အောင်ပြောရရင် အမွေးမှာ ဖယောင်းကပ်နေတဲ့ပုံစံမျိုးဖြစ်တယ်။ ဒါဟာ ဘက်တီးရီးယားပိုးတွေက အမွေးချောင်း အပြင်ဘက်မျက်နှာပြင်မှာ ပေါက်ဖွားနေလို့ဖြစ်ပြီး အမွေးချောင်းကိုယ်နှိုက်ကတော့ မပျက်စီးပါဘူး။  […]