Open 9:00-12:00 AM
+95 92051590

Hot tub folliculitis

6 Nov, 2021 | No Comments

Hot tub folliculitis

Hot tub folliculitis ရေပူကန်မွေးကျွတ်နာ

Hot Tub Folliculitis (ရေပူကန် မွေးကျွတ်နာ) ဆိုတာ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ဖြစ်တတ်တဲ့ ယားနာဖု အရေပြားရောဂါတစ်မျိုး ဖြစ်ပါတယ်။ အထူးသဖြင့် Pseudomonas aeruginosa လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး ပူနွေးတဲ့ရေထဲမှာ ဒီဘက်တီးရီးယားတွေ ရှိနေတတ်တယ်။ ကလိုရင်းသန့်စင်မှု အားနည်းတဲ့ ရေပူကန် ဒါမှမဟုတ် ရေကူးကန်ထဲမှာ ခပ်ကြာကြာစိမ်မိတဲ့အခါ ပိုးဝင်ရောက်လာတယ်။ ရေပူနဲ့ ထိတွေ့မိတဲ့ အရေပြားမွေးညှင်းပေါက်တွေ (hair follicles)ဟာ ရောင်ရမ်းပြီး အနီစက်တွေ၊ ယားယံတဲ့ အဖုအပိမ့်တွေ စတင်ထွက်လာပါတယ်။

ဘာလက္ခဏာတွေ ပြတတ်သလဲ?

ရေကန်ထဲဆင်းပြီး ၆ နာရီကနေ ၄၈ နာရီအတွင်း ယားယံတဲ့ အနီကွက်တွေ၊ အဖုသေးသေးလေးတွေ အစုလိုက်ထွက်လာတယ်။ ဒီအဖုတွေဟာ ဝက်ခြံ၊ အပူဖုလို ပုံစံရှိပြီး အဖုတွေရဲ့ ထိပ်မှာ အဖြူရောင် (ပြည်တည်နာ) ရှိတတ်ပါတယ်။ ချိုင်းကြား၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ပေါင်၊ တံတောင် စတဲ့နေရာတွေမှာ အဖြစ်များပါတယ်။ တခါတရံ ဖျားနာတာ၊ ခေါင်းကိုက်တာ၊ ပျို့အန်နုံးချိတာဖြစ်နိုင်တယ်။

ကုသနည်း

ဖြစ်လာရင် အနာကို သန့်ရှင်းခြောက်သွေ့အောင်ထားပါ။ ဆပ်ပြာပျော့ပျော့ကို ရေအေးသုံးပြီး ဆေးကြောပါ။ တစ်နေ့ကို ၂ ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။ မခံမရပ်နိုင်ယားယံရင် ကယ်လမင်းလိုးရှင်း (Calamine Lotion) လိမ်းပေးနိုင်တယ်။ အကယ်၍ ရောဂါမသက်သာရင် ဆရာဝန်က Ciprofloxacin လိုမျိုး သောက်ဆေးကို ၇-၁၀ ရက်ခန့် ပေးနိုင်တယ်။ ဒီရောဂါဟာ ပုံမှန်အားဖြင့် ကုသဖို့ မလိုဘဲ ၁-၂ပတ်အတွင်း သူ့ဘာသာသူ ပျောက်ကင်းတတ်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews