Open 9:00-12:00 AM
+95 92051590

Erythema migrans

2 Nov, 2021 | No Comments

Erythema migrans

Erythema migrans စက်ဝိုင်းကွင်း အနီကွက်

Erythema Migrans ဆိုတာ  ပစ်မှတ်ပုံစံ စက်ဝိုင်းပုံအနီကွက် (Bull’s-eye rash)တွေ ဖြစ်ပါတယ်။ Lyme disease (မွှားကိုက်ခြင်း) ရဲ့ အစောဆုံး လက္ခဏာ ဖြစ်ပါတယ်။ Lyme disease ဟာ Borrelia burgdorferi လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ပြီး မွှားကဲ့သို့ ခပ်သေးသေး  အင်းဆက်ကောင်တွေကိုက်ရာကနေ ကူးစက်တတ်ပါတယ်။ အင်းဆက်ကောင်ကိုက်ပြီး ၃ ရက်ကနေ ၃၀ ရက်အတွင်း ပေါ်လာတတ်ပါတယ်။ 

Erythema Migrans ရဲ့ လက္ခဏာတွေက အလယ်ဗဟိုမှာ အနီကွက်ရှိပြီး ဘေးမှာ အနီကွင်းတွေ ဝိုင်းပတ်ထားတယ်။ တစ်ခါတရံမှာ အလယ်ဗဟိုမပါဘဲ အနီကွက်သီးသန့် ပြန့်နေတာမျိုးလည်း ရှိပါတယ်။ အနီရောင်၊ ပန်းရောင် သမ်းနေတတ်တယ်။ ဘေးသားအရေပြားဟာ ရောင်ရမ်းမှု၊ ယားယံမှု ရှိနေနိုင်တယ်။ လက်နဲ့ စမ်းသပ်ရင် ပူနွေးနေတတ်ပါတယ်။ Erythema Migrans အနီကွက်ဟာ နေ့စဉ် ကြီးထွားပြန့်ကားလာတတ်တယ်။ ရက်သတ္တပတ်အနည်းငယ်အတွင်း ၁၂ လက်မ (၃၀ စင်တီမီတာ) ကျော်အထိ ကြီးမားကျယ်ပြန့်လာနိုင်တယ်။ ကိုယ်ခန္ဓာအနှံ့ပေါ်နိုင်ပေမယ့် လက်မောင်း၊ ခါး၊ ပေါင်၊ ခြေသလုံးစတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

ကုသနည်း

ပုံမှန်အားဖြင့် Erythema Migrans ဖြစ်ရင် ပဋိဇီဝဆေး (Antibiotics) တွေနဲ့ ကုသလေ့ရှိပါတယ်။ Doxycycline, Amoxicillin, Cefuroxime စတဲ့ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုန်အောင် သောက်ရပါမယ်။ ဆေးပေးတဲ့အခါ ၁၀ ရက်မှ ၂၁ ရက်အထိ ပေးသင့်တယ်။ ဒီအနီကွက်တွေဖြစ်တဲ့အခါ ချက်ချင်းသိပြီး စောစောကုသနိုင်လေ၊ ရောဂါဆိုးရွားတဲ့အဆင့်တွေ (အဆစ်ရောင်ခြင်း၊ အာရုံကြောထိခိုက်ခြင်း) ကို ကာကွယ်နိုင်လေ ဖြစ်ပါတယ်။

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန် 

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.

Write Reviews

Leave a Comment

No Comments & Reviews