Open 9:00-12:00 AM
+95 92051590

Cryolipolysis

13 Nov, 2025 | No Comments

Cryolipolysis

Cryolipolysis အအေးလှိုင်းနဲ့ အဆီချခြင်း

Cryolipolysis ဆိုတာ အအေးဓာတ်နဲ့ အဆီပိုဆဲလ်တွေကို ဖျက်ဆီးခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ ဒီနည်းပညာဟာ ခွဲစိတ်ဖို့ မလိုဘဲ ဖယ်ရှားရခက်တဲ့ အဆီခဲတွေကို အေးခဲခြင်း နည်းပညာသုံးပြီး ဖျက်ဆီးတဲ့ကုသနည်း ဖြစ်ပါတယ်။ အအေးလှိုင်းကုထုံးမှာ လူသိအများဆုံးအမည်က CoolSculpting (အအေးလှိုင်းပုံသွင်းခြင်းနည်းပညာ) ပဲဖြစ်ပါတယ်။သိထားရမယ့်အချက်က Cryolipolysis ဟာ အဆီဆဲလ်တွေကိုသာ ဖျက်ဆီးလိုက်တာဖြစ်ပြီး အရေပြား၊ ကြွက်သားနဲ့ တခြားဆဲလ်တစ်ရှူးတွေကို မထိခိုက်စေနိုင်ပါဘူး။

Cryolipolysis နည်းပညာ

————————

၁။ အဆီဆဲလ်များ အေးခဲခြင်း

ကုသမယ့်နေရာကို -11°C မှ -5°C အထိ အေးခဲသွားအောင် ပြုလုပ်ပေးပါတယ်။

၂။ Apoptosis (ဆဲလ်သေဆုံးမှု) ဖြစ်စဉ်

အလွန်အမင်း အေးခဲသွားတဲ့အခါ အဆီဆဲလ်တွေ (Adipocytes) ဟာ သဘာဝဆဲလ်သေဆုံးမှု ဖြစ်လာတယ်။

၃။ ရောင်ရမ်းမှုတုံ့ပြန်ခြင်း

ခန္ဓာကိုယ်ကိုယ်ခံအားစနစ်ရဲ့ Macrophages ဆဲလ်တွေဟာ သေဆုံးသွားတဲ့ အဆီဆဲလ်တွေကို   သန့်စင် ရှင်းလင်းပစ်ဖို့ စတင်လုပ်ဆောင်လာပါတယ်။

၄။ သဘာဝအတိုင်း စွန့်ထုတ်ခြင်း

ဖျက်ဆီးခံလိုက်ရတဲ့ အဆီဆဲလ်တွေဟာ မကြာခင် ခန္ဓာကိုယ်သွေးလှည့်ပတ်မှုစနစ်ကတဆင့် အသည်းဆီပို့ဆောင်ပြီး သဘာဝအတိုင်း စွန့်ထုတ်ပစ်လိုက်ပါတယ်။

Cryolipolysis အအေးလှိုင်းနည်းပညာကို 

· ဝမ်းဗိုက် – ဗိုက်ခေါက်အဆီ

· ခါးဘေး – ခါးအဆီ

· တင်ပါး – တင်ပါးအဆီ

· ပေါင် – ပေါင်တွင်းအဆီ

· ကုတ်ကျော – ကုတ်ကျောအဆီ

· လက်မောင်း – လက်မောင်းအဆီ

· မေးစေ့ – မေးနှစ်ထပ်အဆီ

စတဲ့နေရာတွေမှာ အသုံးပြုတယ်။

Cryolipolysis မလုပ်ခင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ အရင်ဆုံးဆွေးနွေးရတယ်။ ဆရာဝန်က အဆီခဲနေရာကို စစ်ဆေးကြည့်ရှုပြီး အအေးလှိုင်းနည်းပညာ ကုသပေးရတယ်။အအေးလှိုင်းမလုပ်ခင် ကုသမယ့်နေရာကို အရင်ဆုံးသန့်စင်ပေးရတယ်။ ပြီးရင် အဆီချမယ့်နေရာကို Gel Pad တပ်ဆင်ပေးရပါတယ်။

ကုသမှုခံယူတဲ့အခါ ဆရာဝန်က Applicator လို့ခေါ်တဲ့ အအေးလှိုင်း စုပ်ခွက်ကိရိယာခေါင်းကို အသုံးပြုပြီး ကုသမယ့်နေရာမှာ တပ်ဆင်ပေးထားမယ်။ စုပ်ယူအား နဲ့ အဆီခဲကို အရင်ဆွဲယူပြီး အေးခဲသွားအောင် ပြုလုပ်ပေးရတယ်။ စုပ်ယူတဲ့ ခံစားချက်ကို ၅-၁၀ မိနစ်ခန့် ခံစားရပြီး အေးခဲမှုကို ၃၅-၇၅ မိနစ်ခန့်ထိ ခံစားရနိုင်ပါတယ်။ ကုသချိန်ဟာ ကုသမယ့်ဧရိယာအကျယ်အဝန်းပေါ် မူတည်ပြီး ၃၅ မိနစ်မှ ၇၅ မိနစ် အထိ ကြာမြင့်နိုင်ပါတယ်။ ကုသမှုပြီးဆုံးတဲ့အခါ ပြုလုပ်တဲ့ နေရာကို ညင်သာစွာ နှိပ်နယ်ပေးခြင်း (Massage) ပြုလုပ်ပေးရတယ်။ ပြီးရင် ချက်ချင်းအိမ်ပြန်လို့ ရပါတယ်။Cryolipolysis ကုထုံးရဲ့ ရလာဒ်ဟာ အသက်အရွယ်နဲ့ နေထိုင်မှုပုံစံပေါ် မူတည်ပြီး ၆ လမှ ၁ နှစ်အထိ ကြာရှည်နိုင်တယ်။ 

Cryolipolysis ရဲ့ အားသာချက်များ

ခွဲစိတ်စရာမလိုဘဲ ကုသမှုဟာ အချိန်တိုအတွင်း ပြီးမြောက်နိုင်တယ်။ အအေးလှိုင်း အဆီချပြီး ၂၄ နာရီအတွင်း ပုံမှန်လုပ်ငန်းဆောင်တာတွေ ပြန်လုပ်နိုင်တယ်။ ခွဲစိတ်မှုထက် ဘေးထွက်ဆိုးကျိုးနည်းပါးတယ်။ ကိုယ်အဆီကျချင်တဲ့ နေရာကို ရွေးချယ်ကုသနိုင်တယ်။

ဘေးထွက်ဆိုးကျိုးများ

Cryolipolysis ကုထုံးဟာ ယေဘုယျစိတ်ချရပေမယ့် ဘေးထွက်ဆိုးကျိုးလေးတွေလည်း ယာယီဖြစ်နိုင်တယ်။

· အရေပြားရောင်ရမ်းခြင်း၊ နီမြန်းခြင်း 

· နာကျင်ကိုက်ခဲခြင်း 

· ယားယံခြင်း 

· အညိုအမည်းစွဲခြင်း 

· ရက်သတ္တပတ်အနည်းငယ်ကြာ ထုံကျင်ခြင်း 

Cryolipolysis ကုသမှုခံယူသင့်သူများ

· BMI 30 အောက်ရှိသူ

· ခွဲစိတ်ကုသမှု မခံယူလိုသူ

· ကယ်လိုရီပိုလျှံပြီး ဖယ်ရှားရခက်တဲ့ အဆီခဲရှိသူ

· ပြန်လည်နာလန်ထူချိန် မြန်ဆန်စေလိုသူ

အရေးကြီး အကြံပြုချက်

အအေးလှိုင်းနဲ့ အဆီချပြီးရင် ရေများများသောက်ပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်လက်လှုပ်ရှားမှုက အဆီစွန့်ထုတ်မှုကို မြန်ဆန်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးပါ။ Cryolipolysis ကုထုံးက ထိရောက်တဲ့ ကုသမှုတစ်ခုဖြစ်ပေမယ့် ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့သာ ပြုလုပ်သင့်ပါတယ်။ 

ဒေါက်တာအေးမင်းထူး

အရေပြားအထူးကုဆရာဝန်

အကယ်၍ အထက်ဖော်ပြပါ လက္ခဏာအချို့ကို ခံစားနေရပါက ဒေသခံ အရေပြားအထူးကုဆရာဝန်ထံသို့ဖြစ်စေ (သို့မဟုတ်) အဆင့်မြင့် ရောဂါကုသမှုအတွက် 092051590 သို့ဖြစ်စေ ဆက်သွယ်သင့်သည်။

If you have been suffering from some of the above symptoms, you should contact a local dermatologist or by calling 092051590 for further advanced treatment.