Body Sculpting ကိုယ်ခန္ဓာပုံသွင်းခြင်း Body Sculpting ဆိုတာ ခန္ဓာကိုယ်ကို သဘာဝကျကျ လှပစွာ ပုံဖော်တဲ့ နည်းပညာဖြစ်ပါတယ်။ ဒီနည်းဟာ Body Contouring ထက် ပိုပြီးတိကျတယ်။ အဆီကျရုံမက ကြွက်သားကို ထင်ရှားစေခြင်း (Six pack ပေါ်အောင် လုပ်ခြင်း) နဲ့ ခန္ဓာကိုယ်အချိုးအစားကို ကျနအောင်ပုံဖော်ပေးတယ်။ Body Sculpting ကို · ဝမ်းဗိုက်ကြွက်သားပုံဖော်ခြင်း · တင်ပါးကြွက်သား ပုံဖော်ခြင်း · ပေါင်တွင်းကြွက်သား ပုံသွင်းခြင်း · လက်မောင်းကြွက်သား ပုံသွင်းခြင်း · ခါးအချိုးအစားကျနအောင် ပြုပြင်ခြင်း စတဲ့ကိစ္စရပ်တွေမှာ အဓိကအသုံးပြုပါတယ်။ Body Sculpting နဲ့ Body Contouring ကွာခြားချက် ———————————————– Body Contouring […]
Nd:Yag laser အနီအောက်ရောင်ခြည် လေဆာ Nd:YAG Laser ဆိုတာ Neodymium သတ္တုဒြပ်စင်က ထွက်ပေါ်လာတဲ့ အနီအောက်ရောင်ခြည် လေဆာ တစ်မျိုးဖြစ်ပါတယ်။ ဒီလေဆာရဲ့ လှိုင်းအလျားဟာ 1064 nm ရှိပြီး မယ်လနင် အမည်းရောင်ခြယ်ဓာတ်နှင့် ဆံခြည်မျှင်သွေးကြောတွေကို ဖျက်ဆီးပစ်နိုင်ပါတယ်။အနီအောက်ရောင်ခြည်ဟာ အပေါ်ယံအရေပြားမထိခိုက်ဘဲ အရေပြားအတွင်းလွှာကို ထိုးဖောက်နိုင်တယ်။ carbon laser ဆိုတာ ကာဗွန်ဓာတ်ပါတဲ့ ကျောက်မီးသွေးကို လိမ်းပြီး Nd:YAG Laser နဲ့ ချွေးပေါက်ကျဉ်းအောင်ပြုလုပ်တဲ့ နည်းပညာဖြစ်တယ်။ Nd:YAG Laser အမျိုးအစားတွေထဲမှာ Q-switched Nd:YAG Laser, Long-pulsed Nd:YAG Laser နဲ့ Fractional Nd:YAG Laser ဆိုပြီးရှိတယ်။ Q-switched Nd:YAG Laser ဆိုတာ အလွန်တိုတောင်းတဲ့ အချိန်ကာလအတွင်း စွမ်းအားမြင့်လှိုင်းတွေ […]
ဘိုတောက် အသားတင်းဆေးထိုးခြင်း မျက်နှာအရေးအကြောင်းအတွက် Botox ထိုးတာ ကြားဖူးကြလိမ့်မယ်။ Botox ထိုးတာ မျက်နှာပြုပြင်ဖို့နဲ့ အရေးအကြောင်း ကင်းစင်အောင်သာ ဖြစ်ပါတယ်။ non-invasive procedure ခွဲစိတ်ဖို့မလိုတဲ့နည်းဖြစ်လို့ လူကြိုက်များတယ်။ နာမည်ကျော် botox အကြောင်း ဆက်လက်ဖော်ပြပေးပါမယ်။ Botox သမိုင်းကြောင်းBotox ဆိုတာ botulinum toxin(အဆိပ်) တမျိုးဖြစ်ပါတယ်။ ဒီအဆိပ်အတောက်က Clostridium botulinum ခေါ်တဲ့ ဗက်တီးရီးယားတမျိုးက ထွက်လာတယ်။ ပိုးက မေးခိုင်ရောဂါဖြစ်စေတဲ့ ဗက်တီးရီးယားနဲ့ အမျိုးအစားချင်းတူပါတယ်။ အများအားဖြင့် အုံ့ဆိုင်းနေတဲ့ သစ်တော၊စိမ့်စမ်း၊ တောတောင်၊လျှိုမြောင်၊ ချောင်း၊ရေအိုင် စတဲ့နေရာတိုင်းမှာ တွေ့နိုင်တယ်။ နို့တိုက်သတ္တဝါ၊သားငါးတွေရဲ့ အူလမ်းကြောင်းမှာလည်း သဘာဝအလျှောက် ရှိနေတတ်တယ်။ အများအားဖြင့် ဒီဗက်တီးရီးယားေတွက လူကို ဒုက္ခမပေးလေ့မရှိဘူး။ ဒါပေမယ့် ဗက်တီးရီးယား spores ခေါ်တဲ့ မျိုးအောင်းစေ့တွေက ဆဲလ်တွေကွဲပွားပြီး သေကြေပျက်ဆီးတဲ့အခါ အဆိပ်အတောက်ကို ထုတ်လာတယ်။ ဒီအဆိပ်က အာရုံကြောကို ဦးတည်တိုက်ခိုက်တဲ့ အဆိပ်အတောက် တမျိုးဖြစ်လို့ neurotoxin […]



