Open 9:00-12:00 AM
+95 92051590

Category Archive : Koilonychia

18 Nov, 2024 | No Comments

Koilonychia

Koilonychia (ဇွန်းပုံစံ လက်သည်း) ပုံမှန်လက်သည်းတွေဟာ ခပ်ဖောင်းဖောင်းရှိပေမယ့် Koilonychia ဆိုတာ ဇွန်းပုံစံ ချိုင့်ဝင်နေတဲ့ လက်သည်း၊ခြေသည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။ လက်သည်း၊ခြေသည်းတွေဟာ ပုံမှန်အားဖြင့် ထူထပ်နေပေမယ့် Koilonychia မှာတော့ လက်သည်းလွှာ ပါးပြီး လက်သည်းတွေဟာ အတွင်းဖက်မျက်နှာပြင်မှာ ချိုင့်ဝင်နေတတ်ပါတယ်။ ဂရိဘာသာစကားက ဆင်းသက်လာပြီး koilos ဆိုတာ ​ချိုင့်ဝင်တာ၊ချောင်ကျတာကို ဆိုလိုပြီး onikh(အိုးနစ်)ဆိုတာ လက်သည်း၊ခြေသည်းကို ကိုယ်စားပြုပါတယ်။ Koilonychiaဟာ များသောအားဖြင့် အာဟာရဓာတ်၊ သတ္တုဓာတ်ချို့တဲ့တာနဲ့ သက်ဆိုင်တတ်ပါတယ်။ သံဓာတ်၊ ဗီတာမင် ဘီအုပ်စုဝင်တွေအပြင် ပရိုတင်း စတဲ့ဓာတ်တွေ ချို့တဲ့မှုကြောင့် ဖြစ်နိုင်တယ်။ လက်သည်းဆိုးဆေးနဲ့ထိတွေ့မှုများသူတွေမှာ ဖြစ်တတ်တယ်။ တခါတရံ ခန္ဓာကိုယ်တွင်းရောဂါတွေကြောင့်လည်း ဒီလိုပြဿနာမျိုး ဖြစ်တတ်ပါတယ်။ သန်ကောင်၊ haemochromatosis၊ lupus (ခုခံအားရောဂါ)၊ သွေးလျှောက်အားနည်းတာနဲ့ သွေးပျစ်ရောဂါ အခံရှိသူတွေမှာ […]