Hori’s nevus ကုရခက်တဲ့ ပါးပြင်အမဲစက် Hori’s Nevus (ဟိုရီ မှဲ့ခြောက်)ဆိုတာ မိန်းကလေးတွေ ပါးပြင်နှစ်ဖက်မှာတွေ့ရတဲ့ မီးခိုးရောင်၊အပြာရောင် (သို့) အမည်းရောင် တင်းတိပ်ဆန်ဆန် အကွက်တွေဖြစ်ပါတယ်။ တင်းတိပ်နဲ့ မှားယွင်းတတ်တယ်။ Deep Dermal Melanocytosis အရေပြားအောက်ပိုင်းလွှာမှာ စုပုံပြီးဖြစ်တဲ့ အမည်းကွက်တွေဖြစ်လို့ ကုရခက်တယ်။ စိတ်ရှည်ရတယ်။ ဒီတင်းတိပ်ဆန်ဆန် အမည်းကွက်တွေဟာ အပျိုဖော်ဝင်စ အသက် ၂၀ နောက်ပိုင်းတွေမှာ အဖြစ်များတယ်။ အမျိုးသမီးတွေမှာ အဓိကတွေ့ရပြီး အသက် ၃၀-၄၀ ပတ်ဝန်းကျင်မှာ စတင်ပေါ်ပေါက်လာတတ်တယ်။ Hori’s Nevus ရဲ့ လက္ခဏာတွေဟာ သိသာပါတယ်။ ပါးပြင်ပေါ်မှာ အပြာရောင်၊ မီးခိုးပြာရောင်၊ အညိုရောင်အစက်အပြောက်ငယ်လေးတွေ ဖြစ်ခာပါတယ်။ အမည်းစက်ဟာ တစ်စက်တည်းထက် အစက်ပေါင်းများစွာ အုပ်စုလိုက်ပေါ်တတ်ပါတယ်။ နားထင်နဲ့ ပါးပြင်ပေါ်မှာ အဓိကပေါ်လာတတ်တယ်။ တစ်ခါတစ်ရံ […]

