Open 9:00-12:00 AM
+95 92051590

Category Archive : Dematiaceous fungi

Fungal mycetoma မှိုလုံးအကျိတ်  Mycetoma ဆိုတာက အရေပြား၊အောက်ခံတစ်ရှူးများနဲ့ အရိုးကို ထိခိုက်စေတဲ့ နာတာရှည် မှိုရောဂါ တစ်မျိုးဖြစ်ပါတယ်။ ဒီမှိုကြောင့် အရေပြားမှာ အလုံးအကျိတ် အနာတွေ အစုလိုက်ဖြစ်ပေါ်လာတယ်။ Mycetoma ရောဂါထဲမှာ မှိုကြောင့်ဖြစ်တဲ့ Eumycetoma နဲ့ ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ Actinomycetoma ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒီဆောင်းပါးမှာ မှိုကြောင့်ဖြစ်သော Mycetoma ရောဂါ အလုံးအကျိတ်တွေ အကြောင်းကို ရှင်းပြသွားမှာဖြစ်တယ်။ ဒီမှိုလုံးကျိတ်(Eumycetoma)တွေဟာ Madurella mycetomatis, Scedosporium apiospermum မှိုမျိုးစိတ်တွေကြောင့် အဓိကဖြစ်ပွားတယ်။ ဆူးစူးခြင်း၊ ထိခိုက်ရှနာခြင်းစတဲ့ အသေးစားဒဏ်ရာလေးတွေကနေ မှိုပိုးဟာ ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီး မှိုလုံးကျိတ်အနာပုံစံ ပြောင်းလဲသွားတယ်။ လယ်သမား၊ယာသမား၊ ဥယျာဉ်မှူး၊ သိုးကျောင်းဆိတ်ကျောင်း စတဲ့သူတွေဟာခြေထောက်ဗလာနဲ့ လုပ်ကိုင်ရသူတွေမို့ ရောဂါကူးစက်နိုင်ချေများတယ်။ ဒီမှိုပိုးဟာ ကျေးလက်နေ ပြည်သူတွေ […]