Frostbite နှင်းကိုက်ခြင်း Frostbite ဆိုတာ အလွန်အမင်းအေးခဲတဲ့ရာသီဥတုမှာ အရေပြားနဲ့ တစ်ရှူးတွေ ခဲပြီး ပျက်စီးသွားတဲ့ အခြေအနေ ကို ခေါ်ပါတယ်။ မြန်မာလို နှင်းကိုက်ခြင်း(နှင်းကိုက်နာ)လို့ ခေါ်ကြတယ်။ ရေခဲတောင်တက်တာ၊ အေးခဲတဲ့ရာသီမှာ အနွေးထည်မလုံလောက်တာနဲ့ အကာကွယ်မဲ့တာတွေဟာ နှင်းကိုက်ခြင်းကို ဖြစ်ပေါ်လာစေတယ်။နှင်းကိုက်ခြင်းဟာ အပူချိန် သုညဒီဂရီအောက် အေးခဲတဲ့ ပတ်ဝန်းကျင်အနေအထားမှာဖြစ်ပေါ်လေ့ရှိတယ်။ အအေးဒဏ်သက်ရောက်မှုကြောင့် သွေးကြောတွေကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု လျှော့နည်းလာတယ်။ တဆက်တည်းမှာပဲ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်လပ်ပြီး တစ်ရှူးတွေ သေဆုံးသွားတယ်။ နှင်းကိုက်ခြင်းဟာ အရေးပေါ်ပြဿနာမို့ မကုဘဲထားရင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပျက်စီးဆုံးရှုံးနိုင်ခြေ ရှိပါတယ်။ Frostbite နှင်းကိုက်တဲ့အခါ အဆင့်အမျိုးမျိုးရှိတယ်။ နှင်းကိုက်စ ပထမအဆင့်မှာအရေပြားနီမြန်းလာတာ၊ ထုံကျင်လာတာ၊စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး စတင်ခံစားရတယ်။ ဒီအဆင့်ကို Frostnip (အအေးလောင်ခြင်း)လို့ ခေါ်ပါတယ်။ ဒီလက္ခဏာတွေဟာ ခန္ဓာကိုယ်နွေးအောင် ပြန်လုပ်ပေးရင် ပျောက်ကင်းနိုင်တယ်။ […]
Chilblain ဆောင်းကိုက်နာ Chilblain (Pernio) ဆိုတာ အအေးဒဏ်ကြောင့် သွေးကြောငယ်လေးတွေ ရောင်ရမ်းပြီး ခြေချောင်း၊ လက်ချောင်းထိပ်တွေ နီရဲယားယံတဲ့ အရေပြားပြဿနာ တစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ ကူးစက်တတ်တဲ့ ရောဂါ မဟုတ်ဘဲ ဆောင်းတွင်း အအေးဓာတ်လွန်ကဲတဲ့ကာလတွေမှာ အဖြစ်များလေ့ရှိပါတယ်။ သွေးကြောတွေ ရုတ်တရက်ကြုံ့သွားရာက ဖြစ်တဲ့အရေပြားလက္ခဏာတစ်ခုဖြစ်တယ်။ ဆောင်းကိုက်နာဟာ ဆောင်းတွင်းအအေးဓာတ်ကြောင့် သွေးလှည့်ပတ်မှု အားမကောင်းတဲ့အခါ အဖြစ်များတယ်။ ပြင်းထန်တဲ့ အအေးဒဏ်သက်ရောက်ခြင်းကြောင့် လက်၊ခြေချောင်းမှာရှိတဲ့ သွေးကြောငယ်တွေ ရုတ်တရက်ကျဉ်းမြောင်းပြီး သွေးစီးဆင်းမှု နည်းသွားတဲ့အခါ ဆဲလ်တွေ အောက်ဆီဂျင်ပြတ်တောက်ပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုကို တပြိုင်နက်ဖြစ်ပေါ်လာစေတယ်။ ဒီလက္ခဏာတွေဟာ သွေးလှည့်ပတ်မှု အားနည်းတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်တယ်။ဆောင်းရာသီမှာ အဖြစ်များတယ်။ ကိုယ်ခံအားစနစ် ပြဿနာတွေကြောင့်လည်းဖြစ်နိုင်တယ်။ ဆောင်းကိုက်နာဟာ ခြေချောင်း၊ လက်ချောင်း၊ နားရွက်၊ နှာခေါင်း၊ ခြေဖနောင့်စတဲ့နေရာတွေမှာ အဖြစ်များတယ်။အဆိုပါနေရာတွေမှာ […]


